ခေါင်းဆောင်မှုအဆင့် ငါးဆင့်

မနက်က တီဗွီမှာ ဆရာကြီးဒေါက်တာအောင်ထွန်းသက်နဲ့ ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)တို့ရဲ့ Ideas ဆိုတဲ့ အစီအစဉ်လေးတစ်ခု လာနေတာ ကြည့်လိုက်ရတယ်။ အရင်က မကြည့်ဖူးဘူး။ ဦးကိုကိုဘာသာပြန်တဲ့ စာအုပ်က ဆရာကြီးရေးထားတဲ့ အမှာစာမှာတော့ ဒီအစီအစဉ်ကို ဆရာကြီးတို့နှစ်ယောက်လုပ်နေတယ်လို့ ဖတ်ဖူးတယ်။ ဘာတွေလွှင့်နေမှန်း မသိခဲ့ဘူး။ ဆရာကြီးတို့နှစ်ယောက်က ခေါင်းဆောင်မှုပညာအကြောင်း စာအုပ်တွေအများကြီးရေးခဲ့တဲ့ ကမ္ဘာကျော်အမေရိကန်စာရေးဆရာ၊ အောင်မြင်ရေးတရားဟောသူ၊ သင်းအုပ်ဘုန်းကြီး ဂျွန်မက်စ်ဝဲလ် ခေါ် ဂျွန်ကယ်လ်ဗင်မက်စ်ဝဲလ်(John C. Maxwell) ရဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ ခေါင်းဆောင်မှုအဆင့်ငါးဆင့် (The Five Levels of Leadership) အကြောင်းကို ဆွေးနွေးနေကြတာကို နားထောင်လိုက်ရပါတယ်။ ခေါင်းဆောင်မှုအဆင့်ငါးဆင့် ရှိပါသတဲ့။ အဲဒါကို P ငါးလုံး၊ R ငါးလုံးနဲ့တွဲပြီး ရှင်းပြထားပါတယ်။ ၁။ ပထမ P က Position […]

မြန်မာလိုစီမံခန့်ခွဲခြင်း

စီမံခန့်ခွဲခြင်းဆိုတာ အနုပညာလား။ အတတ်ပညာလားဆိုတဲ့ တွေးဆမှုတွေ ရှိသလို၊ စီမံခန့်ခွဲခြင်းဆိုတာ မွေးရာပါလား၊ သင်ယူတတ်မြောက်နိုင်လားဆိုတဲ့ ဆွေးနွေးမှုတွေလည်း ရှိကြပါတယ်။ စီမံခန့်ခွဲမှုကောင်းသူတွေ ဦးဆောင်တဲ့လုပ်ငန်းတွေဟာ အောင်မြင်မှုတွေရရှိလေ့ရှိပါတယ်။ စီမံခန့်ခွဲမှုအားနည်းသူတွေ ဦးဆောင်တဲ့လုပ်ငန်းတွေမှာတော့ အမှားမှားအယွင်းယွင်းနဲ့ ချွတ်ချော်မှုတွေ ဖြစ်တတ်တာကို တွေ့ရလေ့ရှိပါတယ်။ ဒီအတွက် စီမံခန့်ခွဲခြင်းဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းနဲ့အတူ ပညာရှင်များက သုတေသနပြု လေ့လာခဲ့ကြပါတယ်။ စီမံခန့်ခွဲခြင်းဆိုတာကို သိပ္ပံနည်းကျ လေ့လာမှုပြုကြပြီးတဲ့နောက်မှာ ဒါဟာ မွေးရာပါမဟုတ်ဘူး။ သင်ပေးလို့ရတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။ သင်ယူတတ်မြောက်နိုင်တယ်လို့ တွေ့ရှိလာတဲ့နောက်မှာ ဒါဟာ လူတိုင်းလုပ်နိုင်တဲ့အရာလို့ သဘောသက်ရောက်လာတဲ့အတွက် စီမံခန့်ခွဲခြင်းဆိုတာ အနုပညာသက်သက် မဟုတ်ဘူး။ အတတ်ပညာဖြစ်တယ်လို့လည်း အများက သတ်မှတ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း စနစ်တကျ သင်ရိုးတွေ၊ စာအုပ်တွေနဲ့ လူအများကို သင်ကြားလေ့ကျင့်ပေးလာကြတာဖြစ်ပါတယ်။ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေမှာလည်း စီမံခန့်ခွဲမှု ဘာသာရပ်နဲ့ ကျောင်းပြီးလာတဲ့ အမ်ဘီအေ(Master […]

သမ္ပဒါတရားလေးပါးနဲ့ မူလတန်းကျောင်းသားလေးပုံပြင်

၁။ မရသင့်တာ မလိုချင်ပါနဲ့။ ၂။ ရသင့်တာထက် ပိုမလိုချင်ပါနဲ့။ ၃။ ရသင့်တိုင်းလည်း အကုန်မယူပါနဲ့။ ၄။ လိုအပ်သလောက်ပဲ ယူပါ။ အတန်းထဲကလူတိုင်း ခဲတံ ၃ ချောင်းစီလာယူကြလို့ ဆရာက ကြေငြာပြီး အတန်းထဲကနေ ထွက်သွားခဲ့တယ်။ အတန်းရှေ့က ဆရာ့စားပွဲပေါ်မှာ ခဲတံတွေအများကြီးကိုချထားပြီး တစ်ယောက်ချင်း သွားယူကြတယ်။ ခဲတံတွေကြားမှာ ဘော့ပင်တချို့ရောနေတာကိုလည်း တွေ့ရတယ်။ ကျွန်တော်က ၁။ ခဲတံပဲ ပေးတာဖြစ်တဲ့အတွက် ဘော့ပင်တွေ တွေ့ပေမယ့် မယူဘူး။ ၂။ ၃ ချောင်းစီယူခိုင်းတာကို ပိုယူဖို့လည်း စိတ်မဝင်စားဘူး။ ၃။ ၃ ချောင်းပေးတာမို့လို့ ၃ ချောင်းပြည့်အောင် ယူမယ်လို့လည်း မလုပ်ဘူး။ ၄။ ကျွန်တော့်အတွက် ရေးဖို့တစ်ချောင်းနဲ့ ခဲဆံကျိုးရင် အရန်သင့်ရှိဖို့ တစ်ချောင်း၊ စုစုပေါင်း ၂ […]

သက်သတ်လွတ်စီးပွားရေး (အပိုင်း ၂)

ထိုင်းနိုင်ငံဘန်ကောက်မြို့က နာမည်ကျော် ပါရာဂွန်ကုန်တိုက်ကို ရောက်ခဲ့တုန်းက ဗီဂန်(Vegan)တွေအတွက် သီးသန့်စားသောက်ဆိုင်ကို တွေ့ခဲ့ရတယ်။ ဗီဂန်ဆိုတာက အသားမစားရုံတင်မဟုတ်ဘူး တိရိစ္ဆာန်ထွက်ပစ္စည်းတွေ ဘာကိုမှ မစားသောက် မသုံးစွဲကြဘူး။ ဒါကြောင့် ကြက်ဥတို့ နွားနို့တို့ကိုလည်း မစားကြဘူး။ အဲဒီ စားသောက်ဆိုင်မှာ ကြက်ဥမပါဘဲ ဖုတ်ထားတဲ့ ကိတ်မုန့်တွေရတယ်။ နွားနို့ကနေ ထုတ်လုပ်တာမဟုတ်တဲ့ ဒိန်ခဲနဲ့ ဒိန်ချဉ်ရတယ်။ တခြားအသီးအရွက် စားသောက်စရာတွေလည်း အများကြီးပဲ။ အများစုကတော့ အနောက်တိုင်းစတိုင် အစားအသောက်တွေဖြစ်ပါတယ်။ အစားအသောက်တွေက အရသာရှိရုံတင်မဟုတ်ဘဲ အပြင်အဆင်ကလည်း တကယ့်ကို နာမည်ကြီးစားသောက်ဆိုင်ကြီးတွေက စားပွဲတွေအတိုင်း ပြင်ဆင်ထည့်ပေးတာကို တွေ့ရပါတယ်။ သက်သတ်လွတ်ဆိုင်မို့လို့ လူနည်းမယ်လို့ မထင်ပါနဲ့။ နိုင်ငံခြားသားတွေရော ထိုင်းလူမျိုးတွေရော အပြည့်ပါပဲ။ သက်သတ်လွတ်စားသောက်ခြင်း တနည်းအားဖြင့် အသီးအရွက်စားသုံးခြင်းဆိုတာက အခုနောက်ပိုင်းမှာ ယဉ်ကျေးမှုတစ်ခုလို ဖြစ်လာပါတယ်။ အိုင်တီနည်းပညာတွေ တိုးတက်လာမှုနဲ့အတူ လူတိုင်းအပေါ်မှာ […]