သမ္ပဒါတရားလေးပါးနဲ့ မူလတန်းကျောင်းသားလေးပုံပြင်

၁။ မရသင့်တာ မလိုချင်ပါနဲ့။

၂။ ရသင့်တာထက် ပိုမလိုချင်ပါနဲ့။

၃။ ရသင့်တိုင်းလည်း အကုန်မယူပါနဲ့။

၄။ လိုအပ်သလောက်ပဲ ယူပါ။

အတန်းထဲကလူတိုင်း ခဲတံ ၃ ချောင်းစီလာယူကြလို့ ဆရာက ကြေငြာပြီး အတန်းထဲကနေ ထွက်သွားခဲ့တယ်။ အတန်းရှေ့က ဆရာ့စားပွဲပေါ်မှာ ခဲတံတွေအများကြီးကိုချထားပြီး တစ်ယောက်ချင်း သွားယူကြတယ်။ ခဲတံတွေကြားမှာ ဘော့ပင်တချို့ရောနေတာကိုလည်း တွေ့ရတယ်။

ကျွန်တော်က

၁။ ခဲတံပဲ ပေးတာဖြစ်တဲ့အတွက် ဘော့ပင်တွေ တွေ့ပေမယ့် မယူဘူး။

၂။ ၃ ချောင်းစီယူခိုင်းတာကို ပိုယူဖို့လည်း စိတ်မဝင်စားဘူး။

၃။ ၃ ချောင်းပေးတာမို့လို့ ၃ ချောင်းပြည့်အောင် ယူမယ်လို့လည်း မလုပ်ဘူး။

၄။ ကျွန်တော့်အတွက် ရေးဖို့တစ်ချောင်းနဲ့ ခဲဆံကျိုးရင် အရန်သင့်ရှိဖို့ တစ်ချောင်း၊ စုစုပေါင်း ၂ ချောင်းပဲ ယူလိုက်တယ်။