ကြားဖူးခဲ့တာလေးရှိတယ်။ ဗမာရုပ်ရှင်ဇာတ်ကားတစ်ခုကို ဒါရိုက်တာက ရိုက်နေတာ ဇာတ်လမ်းက ပြီးနေပြီ။ ဒါရိုက်တာက မရပ်ဘဲ ဆက်ရိုက်နေသတဲ့။ အဲဒါနဲ့ ကျန်တဲ့သူတွေက နားမလည်လို့ မေးကြတော့ အဆုံးရဲ့ အစွန်ကို ဆက်ရိုက်နေတာလို့ ဒါရိုက်တာက ပြန်ပြောခဲ့တယ်။ အဲဒီရုပ်ရှင်ဟာ မြန်မာ့ရုပ်ရှင်သမိုင်းမှာ အထင်ကရ ရုပ်ရှင်ကားကြီးတစ်ကား ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်နဲ့အတူ ဘာကားလဲ ဖြေကြည့်ကြပေါ့။ မီဒီယာတွေနဲ့ အင်တာဗျူးပေးကြတဲ့အခါမှာ ရိုးသားမှုကိုပဲ ဆုပ်ကိုင်ဖြေဆိုရပါတယ်။ ကျော်ဇောလိုမှုနဲ့ ဝါကြွားချင်မှုတွေ မပါသင့်ပါဘူး။ မီဒီယာကနေတဆင့် ပြည်သူကို ဖြေကြားပေးနေတယ်လို့ နှလုံးသွင်းရပါတယ်။ ပြည်သူက သိချင်လိမ့်မယ်။ အနာဂတ်မှာ ဘာတွေ ပိုကောင်းလာမှာလဲ။ ပိုကောင်းဖို့အတွက် ဘာတွေ လုပ်ပေးကြမှာလဲ။ လုပ်ပေးမယ်ဆိုသူတွေက ကတိတည်သူတွေလား။ လုပ်ပေးဖို့အတွက် အရည်အချင်း ရှိသူတွေလား။ အရည်အချင်းကို ဘာနဲ့ သက်သေပြမလဲ။ မီဒီယာတွေက ပြည်သူ့ကိုယ်စား […]
Myself
နံပါတ်မှာ (၄) အဆုံး
အဲဒီနေ့က နေပြည်တော်မှာ အခမ်းအနားတစ်ခု ရှိလို့ ကျွန်တော်တို့ ဗဟိုစီးပွားရေးကော်မတီက အန်ကယ်ဦးဟံသာရယ် ဦးအေးလွင်ရယ် ကျွန်တော်ရယ် ကားတစ်စီးနဲ့ နေပြည်တော်ကို သွားနေကြချိန်ပေါ့။ အန်တီကတွေ့ချင်တယ်ဆိုတော့ ကျွန်တော်နေပြည်တော်ကို တက်လာနေတာ လမ်းမှာဖြစ်ကြောင်း ပြန်ပြောလိုက်တယ်။ ခဏနေတော့ မနက်ဖြန် နေ့လည် တွေ့ပါမယ်လို့ စာပြန်ရောက်လာတယ်။ ကျွန်တော်က အန်တီ ဘယ်မှာနေတယ် မသိဘူး။ နေပြည်တော်က ဘယ်ဝန်ကြီးအိမ်မှလည်း မရောက်ဖူးဘူး။ အားနာနာနဲ့ပဲ လိပ်စာပြန်မေးရတယ်။ လိပ်စာရမှ Google Map မှာ ရှာရပြန်တယ်။ နောက်နေ့မှာ အခမ်းအနားက တစ်နေကုန် ကျင်းပ ပါတယ်။ အဖွင့်အမှာစကားကို အန်တီက တက်ရောက် ပြောကြားပါတယ်။ နေ့လည် ထမင်းစားချိန်နားတော့ ကျွန်တော် အန်တီ့အိမ်ကို ထွက်လာခဲ့လိုက်တယ်။ တွေ့တွေ့ချင်းပဲ အန်တီက အံ့ဩပြီး ပြောတယ်။ “သားကို […]
နံပါတ်မှာ (၃) အဖြည့်
ကျွန်တော့်ကို “မင်းအိုချမ်းသာ” @ “ကိုမင်းအို” လို့ သိတဲ့သူတွေ ရှိပါတယ်။ အပြင်မှာ လူချင်းတွေ့လည်း နှုတ်ကျိုးနေကြလို့ “ကိုမင်းအို”လို့ပဲ သူတို့ခေါ်ကြလေ့ရှိတယ်။ ၂၀၀၃ ခုနှစ်လောက်က စလို့ အဲဒီနာမည်နဲ့ အင်တာနက်မှာ စာတွေ ရေးခဲ့ဖူးပါတယ်။ နိုင်ငံရေးဝေဖန်ချက်တွေ ရေးခဲ့တယ်။ ကိစ္စရပ်တွေပေါ်မှာ အမြင်တွေ ရေးခဲ့တယ်။ စိတ်ထဲမှာ အကြည်ဓါတ် ရှိတဲ့နေ့ ရယ်စရာတွေ ရေးခဲ့တယ်။ ဖေ့စ်ဘုတ်မပေါ်ခင်ကတော့ ဖိုရမ်ပေါ့။ မှတ်မိသလောက်က ၂၀၀၈ လောက်အထိ ဖိုရမ်ထဲမှာပဲ စာရေးနေတုန်း။ နောက်မှ ဖေ့စ်ဘုတ်ထဲ ရောက်သွားခဲ့တာ။ အသိမိတ်ဆွေတချို့က ဖေ့စ်ဘုတ်ထဲက စာကို ဂျာနယ်တွေမှာ ဆောင်းပါးအဖြစ် ယူသုံးခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။ သတင်းစာတစ်စောင်မှာ ပုံမှန်ရေးဖြစ်သွားတာက ကိုသန့်ကျော်ဇင်နဲ့ ဆရာဦးကိုကို(စက်မှု) တို့ရဲ့ ဆွဲဆောင်မှုကြောင့်ပါ။ ဒီမိုကရေစီတူဒေး သတင်းစာမှာ ပုံမှန်ရေးဖြစ်ခဲ့တယ်။ […]
နံပါတ်မှာ (၂) အလယ်
ပထမဆုံး အလုပ်ဝင်တော့ ကေအမ်ဒီကွန်ပျူတာ (KMD Computer Centre)မှာပါ။ ဆယ်တန်းအောင်ပြီးနောက် သူငယ်ချင်းတွေက ကွန်ပျူတာသင်တန်းတွေတက်ပြီး အဲဒီမှာပဲ အလုပ်ဝင်ကြတယ်။ ကျော်ဇင်နဲ့ ဇော်လင်း (Youth Computer) တို့ပေါ့။ သူတို့ခေါ်တာနဲ့ ကျွန်တော် သင်တန်းတက်ဖြစ်ပါတယ်။ သူတို့ကျေးဇူးနဲ့ အလုပ်လည်းရပါတယ်။ ၃၄ လမ်းက KMD မှာ သင်တန်းဆရာရဲ့ အကူနည်းပြ (Instructor) အဖြစ် လစာ တစ်လ တစ်ထောင်ကျပ်နဲ့ အလုပ်စလုပ်ပါတယ်။ နောက်တော့ စက်ပြင်ဌာနကို ပြောင်းရပါတယ်။ Administrator, Systemer, Computer Engineer စသဖြင့် အချင်းချင်း အမျိုးမျိုး ဂုဏ်မြှင့်ခေါ်ကြရင်း အလုပ်ထဲမှာ ပျော်ခဲ့ကြပါတယ်။ ဆယ်တန်းအောင်ကျောင်းသားလေးတွေကို ပိတ်ထားတဲ့ တက္ကသိုလ်တွေတက်ရင်း အလုပ်ခွင်ထဲမှာ စနစ်တကျ လေ့ကျင့်ပေးခဲ့တဲ့ ဆရာဦးသောင်းတင်ကို ကျေးဇူးတင်ပါတယ်။ အဲဒီတုန်းကတော့ […]