နံပါတ်မှာ (၁) အစ

ကျွန်တော့်အကြောင်းကို ဖေ့စ်ဘုတ်မှာ ရေးခဲ့ဖူးပါတယ်။ အတိုချုပ်လည်း ရေးဖူးတယ်။ မှန်ကူကွက်လိုဖြစ်နေတဲ့ ဘဝရဲ့ အစိတ်အပိုင်းတွေကိုလည်း ဖွဲ့နွဲ့ရေးခဲ့ဖူးပါတယ်။ သိချင်သူတွေ သိစေနိုင်ဖို့ ဒီတစ်ခါ ထပ်ရေးရပါဦးမယ်။ ကျွန်တော့်ဖခင်ကို အညာမှာမွေးပါတယ်။ မြင်းခြံနားက ဇီးတောရွာမှာလို့ ပြောပါတယ်။ တချို့ကလည်း နွားထိုးကြီးက ဇီးတောလို့ ပြောပါတယ်။ သေချာတာကတော့ အညာသားဖြစ်ပါတယ်။ ဖေဖေ့ကြောင့်ပဲ စကားပြောရင် မိန်းကလေးတွေကို ညည်းလို့ခေါ်ပြီး ပြောတတ်တဲ့အကျင့် ကျွန်တော့်မှာ ရှိပါတယ်။ စားတော်ပဲဆိုတဲ့ ပဲပြုတ်ကို ကြိုက်ပါတယ်။ နေပူလေပူ အညာနွေကို သဘောကျပါတယ်။ ကျွန်တော့်မေမေကို ရန်ကုန်မှာမွေးပါတယ်။ ကျောက်မြောင်းရပ်ကွက်မှာပါ။ မေမေက သိပ်လှပါတယ်။ ဖေဖေနဲ့ ဘယ်လိုများ ညားခဲ့ပါလိမ့်လို့ ကျွန်တော်ငယ်ငယ်က အမြဲမေးခဲ့တယ်။ အသားညိုညို အညာသားနဲ့ ဖြူဖြူချောချော ရန်ကုန်သူတို့ဟာ မိဘပေးစားလို့ ယူခဲ့ကြတာတဲ့။ ဖေဖေက လာတောင်းတာကို […]

ကျွန်တော်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၃)

Me&NLD-03

ပါတီမှာ ကျွန်တော်ဘာတွေ လုပ်ခဲ့သလဲဆိုရင် တာဝန်ပေးတဲ့ အလုပ်တွေကို စိတ်ရောကိုယ်ပါနှစ်ပြီး သေသေချာချာ လုပ်တာပဲဗျ။ ၂၀၁၂ မှာ ပါတီနဲ့ စတင်ထိတွေ့ခဲ့ပေမယ့် ပါတီဝင်တန်း မဖြစ်ခဲ့ပါဘူး။ ကျွန်တော့်ကို ပါတီထဲ ဆွဲခေါ်ခဲ့တဲ့ ကိုဘိုဘိုဦးဆိုရင် သတိရတိုင်း ပါတီဝင်ဖို့ တိုက်တွန်းလေ့ရှိပါတယ်။ ကျွန်တော်ကလည်း ပါတီဝင်ခြင်း မဝင်ခြင်းက အရေးမကြီးပါဘူး။ ပါတီအတွက် အလုပ်လုပ်ပေးနေရဖို့က အဓိကပါလို့ ပြန်ပြောလေ့ ရှိပါတယ်။ ဘာလို့ ချက်ချင်းပါတီမဝင်သလဲဆိုရင် ကျွန်တော့်စိတ်ကိုက အဖွဲအစည်း အသင်းအပင်းတွေကို ဝင်ဖို့ ဝန်လေးလို့ပါပဲ။ ကျွန်တော့်သဘောနဲ့ ကျွန်တော် ဘယ်အသင်းကိုမှ မဝင်ဖြစ်ခဲ့ပါဘူး။ အလုပ်ကြောင့် မဖြစ်မနေ ဝင်ခဲ့ရတာတွေပဲ ရှိပါတယ်။  နာဂစ်မုန်တိုင်းကြောင့် ထိခိုက်ခဲ့တဲ့ လယ်သမားတွေကို ကူညီဖို့အတွက် ၂၀၀၉ ခုနှစ်မှာ ကုမ္ပဏီတွေကို အစိုးရက ဆန်အထူးပြုကုမ္ပဏီတွေ ထောင်ခိုင်းပါတယ်။ […]

ကျွန်တော်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂)

Me&NLD-02

အဲဒီနေ့က ပါတီရုံးချုပ်ကို အလှူငွေပေးဖို့ ကျွန်တော်ရောက်နေခဲ့ပါတယ်။ အရင်ရုံးဟောင်းပဲ ရှိပါသေးတယ်။ အပေါ်ထပ်ကို တက်ခွင့်မရသေးဘဲ အောက်ထပ်မှာ ခဏ ထိုင်စောင့်နေရပါတယ်။ လူတွေက သူတို့ဖာသာသူတို့ ဝင်လာလိုက်ကြ၊ ထွက်သွားလိုက်ကြနဲ့ အတော်ကို ရှုပ်ရှက်ခတ်နေတာပါပဲ။ လည်ကတုံးဝတ်ထားပေမယ့် ကျွန်တော့်ပုံစံက ပါတီနဲ့တော့ တစ်သားတည်း ဖြစ်ပုံမပေါ်ပါဘူး။ လူတိုင်းက သေချာကြည့်သွားကြတယ်။ ပါတီရုံးချုပ်မှာ အခမ်းအနားတစ်ခု ပြုလုပ်ဖို့ ရှိပါတယ်။ ဒီအတွက်လည်း လူတွေ အဝင်အထွက် များနေပုံရပါတယ်။ အဲဒီအခမ်းအနားမှာ အန်တီက မိန့်ခွန်းပြောမှာဖြစ်ပါတယ်။ အဲဒီကာလက ပါတီရုံးချုပ်လေးက သေးတော့ လူအများကြီးမဆန့်တဲ့အတွက် ပါတီဝင်တွေက အန်တီပြောတာကို လမ်းပေါ်ကနေ နားထောင်ကြရပါမယ်။ LED ဘုတ်ထောင်ပြီး ပြနိုင်တော့ အန်တီ့အသံတင်မဟုတ် အရုပ်ကိုပါ အပြင်ကလူတွေက မြင်ခွင့်ရကြပါမယ်။ ခက်နေတာက LED ဘုတ်ငှားခ ဘယ်သူပေးမှာလဲ ဆိုတာပါ။ […]

ကျွန်တော်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၁)

Me&NLD-01

၂၀၁၂ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြို့နယ်အမှုဆောင်တစ်ဦးဟာ ကျွန်တော့်ရုံးခန်းကို ရောက်လာခဲ့ပါတယ်။ စမ်းချောင်းမြို့နယ် ဒုဥက္ကဋ္ဌလို့ မိတ်ဆက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တည်ထောင်ထားတဲ့ ပညာရေးကွန်ရက် ရံပုံငွေစတိတ်ရှိုးတစ်ခုကို အိုင်စီ (Iron Cross) တီးဝိုင်းနဲ့ ပြုလုပ်ချင်လို့ပါတဲ့။ ကျွန်တော်က အိုင်စီအဖွဲ့ကို တာဝန်ယူထားရတယ်လို့ ကြားသိရတဲ့အတွက် လာတွေ့တာလို့ဆိုပါတယ်။ အဲဒီတုန်းက အေဂျီဒီဘဏ်မှာ ကျွန်တော်က မန်နေဂျင်းဒါရိုက်တာပါ။ ကုမ္ပဏီအစုအဖွဲ့ကြီးမှာ အလုပ်လုပ်နေတာဖြစ်တဲ့အတွက် မတူညီတဲ့ လုပ်ငန်းတွေကို တပြိုင်တည်း ကျွန်တော်စီမံအုပ်ချုပ်နေရချိန်လည်း ဖြစ်ပါတယ်။ အက်ဖ်အမ်ရေဒီယို၊ ပန်းဥယျာဉ်၊ တိရိစ္ဆာန်ရုံများ၊ ဆန်အထူးပြုကုမ္ပဏီ၊ သစ်ခွတစ်သျှူးကာချာကုမ္ပဏီ၊ ဖောင်ဒေးရှင်းနဲ့ ဂီတဖျော်ဖြေရေးလုပ်ငန်းတွေလို အမျိုးမျိုးသော လုပ်ငန်းတွေကို ပူတာအို၊ ဟားခါး၊ မကွေး၊ မေမြို့၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်နဲ့ ဘိုကလေးဆိုပြီး ဒေသစုံမှာ လှည့်လည် လုပ်ကိုင်နေခဲ့ရပါတယ်။ လူတွေ၊ […]