နံပါတ်မှာ (၁) အစ

ကျွန်တော့်အကြောင်းကို ဖေ့စ်ဘုတ်မှာ ရေးခဲ့ဖူးပါတယ်။ အတိုချုပ်လည်း ရေးဖူးတယ်။ မှန်ကူကွက်လိုဖြစ်နေတဲ့ ဘဝရဲ့ အစိတ်အပိုင်းတွေကိုလည်း ဖွဲ့နွဲ့ရေးခဲ့ဖူးပါတယ်။ သိချင်သူတွေ သိစေနိုင်ဖို့ ဒီတစ်ခါ ထပ်ရေးရပါဦးမယ်။ ကျွန်တော့်ဖခင်ကို အညာမှာမွေးပါတယ်။ မြင်းခြံနားက ဇီးတောရွာမှာလို့ ပြောပါတယ်။ တချို့ကလည်း နွားထိုးကြီးက ဇီးတောလို့ ပြောပါတယ်။ သေချာတာကတော့ အညာသားဖြစ်ပါတယ်။ ဖေဖေ့ကြောင့်ပဲ စကားပြောရင် မိန်းကလေးတွေကို ညည်းလို့ခေါ်ပြီး ပြောတတ်တဲ့အကျင့် ကျွန်တော့်မှာ ရှိပါတယ်။ စားတော်ပဲဆိုတဲ့ ပဲပြုတ်ကို ကြိုက်ပါတယ်။ နေပူလေပူ အညာနွေကို သဘောကျပါတယ်။ ကျွန်တော့်မေမေကို ရန်ကုန်မှာမွေးပါတယ်။ ကျောက်မြောင်းရပ်ကွက်မှာပါ။ မေမေက သိပ်လှပါတယ်။ ဖေဖေနဲ့ ဘယ်လိုများ ညားခဲ့ပါလိမ့်လို့ ကျွန်တော်ငယ်ငယ်က အမြဲမေးခဲ့တယ်။ အသားညိုညို အညာသားနဲ့ ဖြူဖြူချောချော ရန်ကုန်သူတို့ဟာ မိဘပေးစားလို့ ယူခဲ့ကြတာတဲ့။ ဖေဖေက လာတောင်းတာကို […]