သက်သတ်လွတ်စီးပွားရေး (အပိုင်း ၁)

သက်သတ်လွတ်စားခြင်းဆိုတာကို ကျွန်တော်တို့ဆီမှာ လူတိုင်းသိတယ်လို့ ထင်ကြတယ်။ အသားမစားတာကို ခေါ်တာ။ အသီးအရွက်တွေကို စားတာကို ခေါ်တာ။ အသက်မပါတဲ့ အစားအသောက်ကို ခေါ်တာလို့ အပေါ်ယံ သိကြပါတယ်။ တကယ်တမ်း သက်သတ်လွတ်စားသူတွေအတွက် စားစရာ စီစဉ်ပေးကြရတဲ့အခါမှာတော့ အဲဒီလို အပေါ်ယံသိရုံနဲ့ မရတော့ပါဘူး။ သက်သတ်လွတ်စားတယ်ဆိုတာ ကျွန်တော်တို့ ထင်သလို တစ်မျိုးတည်း မဟုတ်ဘဲ အမျိုးမျိုးကွဲလွဲနေတာကို တွေ့ရှိရပါလိမ့်မယ်။ အဲဒီအခါမယ် သက်သတ်လွတ်စားတဲ့ပုဂ္ဂိုလ်အတွက် စီစဉ်ပေးတဲ့ အစားအသောက်တွေဟာ အဆင်မပြေမှုတွေ ဖြစ်ကုန်တော့တာပါပဲ။ တကယ်တော့ သက်သတ်လွတ်စားသုံးခြင်းနဲ့ စားသုံးသူတွေဟာ စီးပွားရေးစျေးကွက်တစ်ခုဖြစ်တာမို့လို့ စားသောက်ကုန်လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေနဲ့ ဝန်ဆောင်မှုပေးရတဲ့သူတွေဟာ အပေါ်ယံနားလည်ခြင်းမျိုး မဟုတ်ဘဲ သေသေချာချာ နားလည်အောင် လေ့လာထားကြမယ်ဆိုရင် စျေးကွက်အတွင်း ယှဉ်ပြိုင်မှုမှာ သူများထက် ကိုယ်က နှာတဖျားသာမှာ သေချာလှပါတယ်။ သက်သတ်လွတ်စားသုံးခြင်းဆိုတဲ့ မြန်မာစကားက ရှုပ်ထွေးမှုတွေကို […]

မီဒီယာများနှင့်မိတ်ဆွေဖြစ်ရေး

(ဒီစာကိုရေးတုန်းက ရေးနေရင်းနဲ့ စိတ်ထဲမှာ သိပ်ရှည်လွန်းနေပြီလို့ ထင်လာတယ်။ ဒါနဲ့ပဲ ဆက်မရေးတော့ဘဲ အတင်းရပ်လိုက်မိတယ်။ ခုပြန်ဖတ်တော့ အဆုံးသတ်ဟာ တစ်ခုခုလိုနေသလို ခံစားရတယ်။ ဒါပေမယ့် ဖေ့စ်ဘုတ်မှာ စာရှည်ရှည်ဖတ်သူနည်းပါးလှတဲ့အတွက် အဆုံးသတ်ထိ ရောက်သူနည်းမှာဖြစ်လို့ တော်ပါသေးရဲ့လို့လည်း တွေးမိပြန်ပါတယ်။) ဒီနေ့ခေတ်မှာ မီဒီယာလို့ ပြောလိုက်ရင် ပါဝင်တာတွေက ကျယ်ပြန့်လွန်းလှတယ်။ အရင်ခေတ်က စာနယ်ဇင်းလို့ ပြောလိုက်ရင် လုံလောက်ခဲ့တယ်။ သတင်းစာ၊ ဂျာနယ်နဲ့ မဂ္ဂဇင်းပေါ့။ စာနယ်ဇင်းမှာ အလုပ်လုပ်တယ်ဆိုတာ အဲဒီသုံးခုက တစ်ခုခုမှာ စာရေးသားသူ ဒါမှမဟုတ် သတင်းရေးသားသူ ဒါမှမဟုတ်ရင် သတင်းတွေကို တည်းဖြတ်သူတွေပေါ့။ သတင်းထောက်(ရက်ပို့တာ)နဲ့ စာတည်း(အယ်ဒီတာ)ဆိုပြီး ရာထူးနှစ်ခုက လူတွေကို သိရင်ပဲ အလုပ်ဖြစ်နေပြီ။ ခုတော့ စာနယ်ဇင်းသမားဆိုတဲ့ အသုံးအနှုန်းနေရာမှာ မီဒီယာသမားဆိုတဲ့ အသုံးက အစားထိုးနေရာယူလာခဲ့ပြီ။ ကျယ်ပြန့်လာတဲ့ မီဒီယာတွေကို […]

စျေးကွက်စီးပွားရေး

(ဟိုးအရင်က ရေးခဲ့ဖူးတာလေးပါ။ ကျောင်းမှာသင်ရတဲ့စာတွေ ပြန်ရေးခဲ့တာပါ။ သင်ရိုးစာအုပ်လည်း ထည့်ပေးထားပါတယ်။ အကျယ်သိချင်ရင် အဲဒီ စာအုပ်ရှာဖတ်ကြပါ။ ဒီစာကိုပဲ ဒီလှိုင်းစာစောင်မှာ ဆောင်းပါးအနေနဲ့ တစ်ခါထည့်ဖူးပါတယ်။ အခုလည်း တချို့တွေ အသုံးချချင်ရင် အသုံးချလို့ရအောင် ပြန်တင်လိုက်တာပါ။) ဒီနေ့ခေတ်မှာ စျေးကွက်စီးပွားရေးစနစ်ဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါပဲ။ ဆိုရှယ်လစ်၊ ကွန်မြူနစ်တွေကတော့ စျေးကွက်စီးပွားရေးစနစ်ဟာ အရင်းများသူက စျေးကစားနိုင်တဲ့အတွက် အခြေအနတိုင်းမှာ အကောင်းဆုံးစနစ်မဟုတ်ဘူးလို့ ပြောကြလေ့ရှိပါတယ်။ စျေးကွက်တစ်ခုမှာ ထုတ်လုပ်သူတွေက အမြတ်အများဆုံးလိုချင်တယ်။ စားသုံးသူတွေက စိတ်ကျေနပ်မှု အမြင့်ဆုံးကို လိုချင်တယ်။ အစိုးရကတော့ လူများစု အဆင်ပြေချောမွေ့ရေး ဦးစားပေးမြင်ချင်လေ့ ရှိပါတယ်။ ဒီအတွက် ဒီနေ့ခေတ်မှာ စျေးကွက်စီးပွားရေးစနစ်ဟာ လူများစုအတွက် အဆင်ပြေချောမွေ့မှု ရစေလိမ့်မယ်လို့ အစိုးရတော်တော်များများက ယူဆကြတဲ့အတွက် (တရုတ်လို ကွန်မြူနစ်နိုင်ငံတောင်) စျေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးလာရပြီဖြစ်ပါတယ်။ ကျွန်တော်တို့လို […]

မှားခွင့်ဟာ လူ့အခွင့်အရေးတစ်ရပ်မဟုတ်

မှားတတ်တာ လူ့သဘာဝပေမယ့် မှားခွင့်ကိုတော့ လူ့အခွင့်အရေးတစ်ရပ်အဖြစ် အသုံးပြုလို့မရပါဘူးတဲ့။ ဆရာကြီးဒေါက်တာဆန်းထွန်းက သူဖတ်ဖူးတဲ့ ဒီစာသားလေးကို ကျွန်တော်တို့ကို ပြောပြပါတယ်။ အမှားနဲ့ပတ်သက်ရင် မှတ်မှတ်ရရ ရှိတာလေးတွေ ရှိပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်တက်တုန်းက ကိုတာရဲ့ စာတွေကို မပြတ်တမ်း ဖတ်ခဲ့ရတယ်။ ဖြန့်ထွက်တွေးခြင်းတို့ ဘာတို့ပေါ့။ အဲဒီမှာ ပထမဆုံး ဖတ်ခဲ့ဖူးသလို ခုထိ သတိရနေတဲ့ အမှားအကြောင်းလေးကို သတိရမိတယ်။ လူတွေဟာ မလုပ်သင့်တာတွေ လုပ်မှ မှားတာမဟုတ်ဘူး။ လုပ်သင့်တာတွေကို မလုပ်ရင်လည်း မှားတာပဲတဲ့။ ဟုတ်တာပဲဆိုပြီး အတွေးတွေ အရှည်ကြီး ဖြစ်သွားခဲ့ဖူးတယ်။ ဘဝမှာ လုပ်သင့်တာတွေ ဘယ်လောက်တောင် မလုပ်ခဲ့မိပါလိမ့်လို့ တနံတလျားလည်း စဉ်းစားရင်း နောင်တတွေ ဘာတွေ ရခဲ့မိသေးတယ်။ နောက်တော့ တာရာမင်းဝေရဲ့ သုဘရာဇာနဲ့ ဂီတပညာရှင်တို့ပါဝင်တဲ့ ဝတ္ထုတိုလေး တစ်ပုဒ်ကို […]